| How are you feeling? |
ဘယ်လိုနေလဲ။ |
| Are you okay? |
နေကောင်းရဲ့လား။ |
| Are you feeling better? |
သက်သာသွားပြီလား။ |
| What's wrong? |
ဘာဖြစ်နေသလဲ။ |
| What happened? |
ဘာဖြစ်သွားတာလဲ။ |
| Where does it hurt? |
ဘယ်နေရာမှာနာနေတာလဲ။ |
| Does it hurt when I press here? |
ဒီနေရာကိုနှိပ်လိုက်ရင်နာလား။ |
| How long have you been sick? |
ဖျားနေတာဘယ်လောက်ကြာပြီလဲ။ |
| Put this cream on your wound twice a day. |
ဒီလိမ်းဆေးကို ဒါဏ်ရာပေါ်မှာတနေ့နှစ်ကြိမ်လိမ်းပေးပါ။ |
| Take one teaspoon of this cough medicine three times a day. |
ဒီချောင်းဆိုးပျောက်ဆေးကိုလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့တစ်နေ့သုံးကြိမ်သောက်ပါ။ |
| Take two tablets once a day. |
တရက်တခါဆေးနှစ်လုံးသောက်ပါ။ |
| I feel much better. |
တော်တော်လေးနေလို့ကောင်းသွားပါပြီ။ |
| I don't feel very well. |
ကျွန်တော်သိပ်နေမကောင်းချင်ဘူး။ |
| I feel sick. |
နေမကောင်းသလိုခံစားရတယ်။ |
| My hand is numb. |
ကျွန်ကလက်ကထုံကျင်နေတယ်။ |
| My teeth are sensitive to hot and cold temperatures. |
ကျွန်တော့်သွားတွေဟာအပူနဲ့အအေးကိုကျဥ်နေပါတယ်။ |
| I need to see a doctor. |
ကျွန်တော်ဆရာဝန်တယောက်နဲ့တွေ့ဘို့လိုတယ်။ |
| I need to go the emergency room. |
အရေးပေါ်ဆေးခန်းကို သွားရမယ်။ |
| I need to call 911 for an ambulance. |
ကျွန်တော်လူနာတင်ယာဉ်အတွက် 911 ကိုဖုန်းဆက်ရပါမယ်။ |
| I need to make an appointment for my annual physical. |
ကျွန်တော်တနှစ်တခါရုပ်ပိုင်းဆိုင်ရာဆေးစစ်ဘို့အတွက် ရက်ချိန်းယူရအုံးမယ်။ |
| I don't like taking medicine. |
ကျွန်မဆေးသောက်ရတာမကြိုက်ဘူး။ |
| If you lose weight, you will feel better. |
ဝိတ်ကျသွားရင်နေလို့ကောင်းသွားလိမ့်မယ်။ |
| Eat plenty of vegetables and fruits. |
အသီးအနှံတွေများများစားပေးပါ။ |
| Drink plenty of water. |
ရေများများသောက်ပေးပါ။ |
| Avoid rich foods. |
အဆီအဆိန့်တွေကိုရှောင်ကြဉ်ပါ။ |
| He has recovered nicely. |
သူတော်တော်လေး ပြန်ကောင်းလာပါပြီ။ |
| He was hospitalized. |
သူ့ကိုဆေးရုံတင်လိုက်ရတယ်။ |
| We have a flu shot every October at Costco. |
ကျွန်တော်တို့အောက်တိုဘာလတိုင်းမှာ Costco မှာတုပ်ကွေးကာကွယ်ဆေးထိုးပါတယ်။ |
| He had kidney transplant surgery. |
သူ့မှာကျောက်ကပ်အစားထိုးခွဲစိတ်မှုခံယူခဲ့ပါတယ်။ |
| I do not want a blood transfusion. |
ကျွန်တော်သွေးသွင်းတာမလိုချင်ပါဘူး။ |
| He had an intravenous transfusion. |
သူဟာသွေးကြောထဲဆေးသွင်းရန်ခဲ့ပါတယ်။ |