What time is it?
It is ten o'clock.
| အင်္ဂလိပ် | မြန်မာ |
|---|---|
| What time is it? | ဘယ်အချိန် ရှိပြီလဲ။ |
| Excuse me. Do you have the time? | ကျေးဇူးပြု၍ ဘယ်အချိန် ရှိပါပြီလဲ။ |
| It's almost two. | နှစ်နာရီ ထိုးခန်နီးပါပြီ။ |
| It's a little after eight. | ရှစ်နာရီ ကျော်ကျော်လေး ရှိပါပြီ။ |
| Thank you very much. | ကျေးဇူးအများကြီးတင်ပါတယ်။ |
| You're welcome. | ကိစ္စ မရှိပါဘူး။ |
| I always get to work on time. | ကျွန်တော် အလုပ်ကို အမြဲတန်း အချိန်မှန်မှန်ရောက်ပါတယ်။ |
| We got to the train station just in time. | ကျွန်တော်တို့ ဘူတာရုံကို အချိန်မှီလေး ရောက်သွားတယ်။ |
| Wait a minute. | ခဏစောင့်ပါဦး။ |
| We had to wait half an hour to see the dentist. | ကျွန်တော်တို့ သွားဆရာဝန်ကိုတွေ့ဘို့ နာရီဝက်စောင့်လိုက်ရတယ်။ |
| I arrived twenty minutes early. | ကျွန်တော် မိနစ်နှစ်ဆယ်စောပြီး အဲဒီကိုရောက်သွားတယ်။ |
| Hurry up. We are going to be late. | မြန်မြန်လုပ်ပါ။ ကျွန်တော်တို့ နောက်ကျလိမ့်မယ်။ |
| Let's go. We're late. | သွားကြစို့။ ကျွန်တော်တို့ နောက်ကျနေပြီ။ |
| You need to get ready. We are leaving in five minutes. | အသင့်ပြင်ထားတော့လေ။ ကျွန်တော်တို့ ငါးမိနိစ်နေရင် ထွက်သွားရတော့မှာ။ |
| What time is your interview? | မင်းအင်တာဗျူးက ဘယ်အချိန်လဲ။ |
| What time is your appointment? | မင်းချိန်းထားတာ ဘယ်နှစ်နာရီလဲ။ |
| What time is your doctor's appointment? | မင်းရဲ့ဆရာဝန်ချိန်းထားတာက ဘယ်နှစ်နာရီလဲ။ |
| What time do you have to be there? | အဲဒီကိုဘယ်အချိန်ရောက်ရမှာလဲ။ |
| I am busy. I do not have time. | ကျွန်တော်အလုပ်ရှုပ်နေပါတယ်။ ကျွန်တော့်မှာအချိန် မရှိပါဘူး။ |
| You don't need to rush. We have plenty of time. | အလျှင်စလိုလုပ်စရာ မလိုပါဘူး။ ကျွန်တော်တို့မှာ အချိန်တွေအများကြီး ရှိပါတယ်။ |
| It's time to get up. | အိပ်ယာထဘို့ အချိန်ရောက်ပြီ။ |
| It will take ten minutes to get there. | အဲဒီကိုရောက်ဖို့ ဆယ်မိနစ်လောက် ကြာလိမ့်မယ်။ |
| What time do they open? / What time do they close? | သူတို့ဘယ်အချိန်ဖွင့်လဲ။ / သူတို့ဘယ်အချိန်ပိတ်လဲ။ |
| They open at ten a.m. / They close at six p.m. | သူတို့ မနက် ဆယ်နာရီမှာ ဖွင့်ပါတယ်။ / သူတို့ ညနေ ခြောက်နာရီမှာ ပိတ်ပါတယ်။ |
| I will see you at noon. | နေ့လည်ဆယ့်နှစ်နာရီမှာတွေ့မယ်။ |
| He came back home at midnight. | သူဟာညသန်းခေါင်မှအိမ်ပြန်လာပါတယ်။ |
| Time and tide wait for no man. | အချိန်နှင့် ဒီရေသည် ဘယ်သူ့ကိုမှ မစောင့်ပါ။ |