ကျွန်မမေးခိုင်ကာကွယ်ဆေးထိုးရမယ်။

I have to get a tetanus shot.

သူပါးကျိတ်ရောင်ရောဂါဖြစ်နေတယ်။

He has the mumps.

ကျွန်မအာသီးရောင်နေတယ်။

I have tonsilitis.

ကျွန်တော်လည်ချောင်းနာနေတယ်။

I have a sore throat.

(ဒါမှမဟုတ်)

My throat hurts.

ကျွန်တော်လည်ချောင်းနာရောဂါဖြစ်နေတယ်။

I have laryngitis.

ကျွန်တော်နောက်ကြောတက်နေတယ်။

I have neck pain.

ကျွန်တော်လည်ပင်းတောင့်နေတယ်။

My neck is stiff.

ကျွန်တော်ပခုံးအဆစ်လွဲနေပါတယ်။

I have a dislocated shoulder.

ကျွန်တော်တံတောင်ဆစ်နာကျင်ရောဂါဖြစ်နေပါတယ်။

I have tennis elbow.

ကျွန်တော်ညာဘက်လက်ကောက်ဝတ်ထုံကျင်ရောဂါဖြစ်နေပါတယ်။

I have carpal tunnel syndrome on my right wrist.

ကျွန်တော်တခါတလေလက်ချောင်းကွေးကောက်သွားတတ်ပါတယ်။

I sometimes get trigger fingers.

ကျွန်တော်လက်မှာအဆစ်ရောင်ရောဂါဖြစ်နေပါတယ်။

I have arthritis in my hand.

ကျွန်တော်ရင်ဘတ်အောက်နေတယ်။

I'm having chest pains.

သူနှလုံးရုတ်တရက်ဖောက်ပြန်မှုဖြစ်သွားတယ်။

He had a heart attack.

ကျွန်တော့်ရဲ့ကိုလက်စထရော်မြင့်နေပါတယ်။

I have high cholesterol.

I need to watch my diet.

(ကျွန်တော်အစားသောက်ဆင်ခြင်ရမယ်။)
သူသွေးကြောပိတ်လေဖြတ်ခြင်းဖြစ်သွားပါတယ်။

He had an ischemic stroke.

The left side of his body was paralyzed.

(သူ့ရဲ့ဘယ်ဘက်ကိုယ်တခြမ်းသေသွားတယ်။)
သူသွေးကြောပေါက်လေဖြတ်ခြင်းဖြစ်သွားပါတယ်။

He had a hemorrhagic stroke.

ကျွန်တော့်ချောင်းဆိုးရင်ကျပ်ဖြစ်နေပါတယ်။

I have bronchitis.

သူတီဘီဖြစ်နေပါတယ်။

He has tuberculosis.

ကျွန်တော်အဆုတ်ရောင်ရောဂါဖြစ်နေပါတယ်။

I have pneumonia.

သူနှလုံးသွေးကြောကျင်းရောဂါဖြစ်နေပါတယ်။

He has coronary heart disease.

He had a stent put in.

(သူစတင့်ထည့်ထားရတယ်။)
သူနှလုံးခုန်မမှန်တဲ့ရောဂါဖြစ်နေပါတယ်။

He has arrhythmia.

He has a pacemaker.

(သူနှလုံးခုန်စက်ထည့်ထားရတယ်။)
ကျွန်တော်ဗိုက်အောင့်နေတယ်။

My stomach hurts.

ကျွန်တော်ဗိုက်ဖောင်းနေတယ်။

My feel bloated.

I ate too much.

(ကျွန်တော်စားတာအရမ်းများသွားတယ်။)
သူဝမ်းလျှောနေတယ်။

He has diarrhea.

သူဝမ်းချုပ်နေတယ်။

He is constipated.

သူဝမ်းကိုက်ရောဂါဖြစ်နေတယ်။

He has dysentery.

သူအစာအဆိပ်သင့်ဖြစ်သွားတယ်။

He suffered food poisoning.

သူ့မှာအစာအိမ်ရောဂါရှိပါတယ်။

He has gastritis.

သူ့မှာအစာအိမ်အနာဖြစ်နေပါတယ်။

He has stomach ulcers.

1 2 3 4 5