ဝေါဟာရများ
သူအူရောင်ငန်းဖျားရောဂါ
ဖြစ်နေတယ်။
He has typhoid fever.
He got it from contaminated water.
(သူညစ်ညမ်းသောရေသောက်မိလို့ရတာပါ။)
သူအူကျွံနေတယ်။
He has a hernia.
ကျွန်တော်ကြို့ထိုးနေတယ်။
I have hiccups.
ကျွန်မအစာမကြေဖြစ်နေတယ်။
I have indigestion.
ကျွန်မပြို့အန်ချင်နေတယ်။
I feel nauseous.
I think I'mgoing to be sick.
(ကျွန်မအန်တော့ထင်တယ်။)
ကျွန်မဗိုက်ထိုးအောင့်နေတယ်။
I have cramps.
ကျွန်တော်အသားဝါရောဂါဖြစ်နေတယ်။
I have jaundice.
ကျွန်မအသဲရောင်ရောဂါဖြစ်နေတယ်။
I have hepatitis.
ကျွန်တော့်အသဲအဆီဖုံးရောဂါဖြစ်နေတယ်။
I have a non-alcoholic fatty liver disease (NAFLD).
ကျွန်တော်အသဲခြောက်ရောဂါဖြစ်နေပါတယ်။
I have cirrhosis.
ကျွန်တော်ကျောက်ကပ်ကျောက်တယ်နေပါတယ်။
I have kidney stones.
ကျွန်မနာတာရှည်ကျောက်ကပ်ရောဂါဖြစ်နေပါတယ်။
I have chronic kidney disease.
I need dialysis regularly.
(ကျွန်မသွေးသန့်ရှင်းရေးမှန်မှန်လုပ်ရပါတယ်။)
ကျွန်မသည်းခြေအိတ်မှာကျောက်တည်ခဲ့ပါတယ်။
I had gallstones in my gallbladder.
I had a cholecystectomy.
(ကျွန်မသည်းခြေအိပ်ကိုခွဲစိတ်ထုပ်လိုက်ပါတယ်။)
ကျွန်မသားအိမ်မှာအရည်အိတ်ဖြစ်ခဲ့ပါတယ်။
I had an ovarian cyst.
I had a hysterectomy.
(ကျွန်မသားအိမ်ကိုခွဲစိတ်ထုပ်လိုက်ပါတယ်။)
ကျွန်တော့်သားကြောဖြတ်ထားပါတယ်။
I had a vasectomy.
ကျွန်တော်မှာဆီးချိုရောဂါရှိပါတယ်။
I have diabetes.
I have to take regular insulin shots.
(ကျွန်တော်အင်ဆူလင်မှန်မှန်ထိုးရတယ်။)
ကျွန်မခါးနာနေပါတယ်။
I have a backache.
သူဟာတင်ပါးဆုံရိုးအစားထိုးခွဲစိတ်ထားရပါတယ်။
He had hip replacement surgery.
ကျွန်မဒူးနာနေပါတယ်။
My knee hurts.
သူဟာဒူးအစားထိုးခွဲစိတ်ထားရပါတယ်။
He had knee replacement surgery.
ကျွန်တော့်ခြေထောက်ကျိုးသွားတယ်။
I broke my leg.
I have a cast on my leg.
(ကျွန်တော်ပလာစတာကပ်ထားရတယ်။)
ကျွန်တော့်ညာဘက်ခြေထောက်မှာမကြာခဏကြွက်တက်ပါတယ်။
I often get muscle cramps in my right leg.
ကျွန်မဘယ်ဘက်ခြေထောက်မှာဆိုင်ယက်တစ်နာကျင်မှုဖြစ်နေပါတယ်။
I have sciatic pain in my left leg.
ကျွန်တော့်ခြေချင်းဝတ်လည်သွားပါတယ်။
I sprained my ankle.
My ankle is swollen.
(ကျွန်တော့်ခြေချင်းဝတ်ရောင်ကိုင်းနေတယ်။)
ကျွန်တော့်ခြေဖဝါးရှိတွယ်ဆက်တစ်ရှုးများရောင်ရမ်းနေပါတယ်။
I have plantar fasciitis.
သူအူအတက်ရောင်ကိုင်းတာခံစားနေရပါတယ်။
He is sufferingfrom appendicitis.
ကျွန်မမှာသွေးတိုးရှိပါတယ်။
I have high blood pressure.
(ဒါမှမဟုတ်)
I have hypertension.
ကျွန်မမှာသွေးပေါင်ကျရောဂါရှိပါတယ်။
I have low blood pressure.
(ဒါမှမဟုတ်)
I have hypotension.
သူမမှာငှက်ဖျားရောဂါရှိပါတယ်။
She has malaria.
သူသွေးလွန်တုတ်ကွေးဖြစ်နေပါတယ်။
He has Dengue fever.
1
2
3
4
5